Ooredoo data packages နှုန်းထားများ
11:36 PM
Google Translate တွင် မြန်မာဘာသာစကားကို ဘာသာပြန်နိုင်ပြီ
7:42 PM Google မှ ဘာသာစကားအသစ် ၁၀ မျိုးကို ဘာသာပြန်မှုအတွက် ထောက်ပံ့ပေးလိုက်ပြီး မြန်မာ(burmese) ဘာသာစကားလည်း ပါဝင်လာပြီဖြစ်သည်။
Google မှ သူတို့၏ ထုတ်ကုန်တစ်ခုဖြစ်သော translate.google.com တွင်ဘာသာပြန်ထောက်ပံ့မှု မရသေးသော ဘာသာစကား ၁၀ မျိုးကို ဘာသာပြန်စနစ်ထောက်ပံ့ပေးနိုင်မှုအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ရာ အဆိုပါ ဘာသာစကား ၁၀ မျိုးတွင် မြန်မာ(Burmese) ဘာသာစကားလဲ ပါဝင်လာပြီဖြစ်ပါတယ်။ အဆိုပါ ဘာသာစကား ၁၀ မျိုးမှာ အာဖရိကရှိနိုင်ငံတစ်ချို့နှင့် အာရှမှနိုင်ငံတစ်ချို့တို့ ပါဝင်ပြီး အာဖရိကနိုင်ငံများမှ Chichewa(မော်လ၀ီ နှင့် အခြား) ၊ malagasy(မလာဂတ်စကား) နှင့် Sesotho(လီဆိုသို နှင့် တောင်အာဖရိက) တို့ပါဝင်ပြီး အာရှနိုင်ငံများမှ Karzakh( ကာဇက်စတန်) ၊ Tajik (တာဂျီကစ္စတန်) ၊ မြန်မာ(မြန်မာ) ၊ Sinhala(သီရီလကာင်္) နှင့် Sundanese (အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း) တို့ ဖြစ်ပါတယ်။
ထိုအတွက် ယခင်က မရရှိသေးသော နိုင်ငံတကာဘာသာစကားများကို ဘာသာပြန်ဆိုမှုကို translate.google.com ကို အသုံးပြုကာ ဘာသာပြန်ဆိုနိုင်ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ ဘာသာပြန်ဆိုနိုင်မှုအတွက် ထောက်ပံ့ပေးတဲ့ ဖောင့်စနစ်ကတော့ ယူနီကုဒ်ဖောင့်စနစ် (ဥပမာ - မြန်မာ ၃ ၊ ပိတောက် အစရှိသဖြင့်) (မှတ်ချက် - ယခု လူသုံးများနေသော ဇော်ဂျီဖောင့်မှာ ယူနီကုဒ်ဖောင့်မဟုတ်ပါ) ဖြစ်ပါတယ်။ အသုံးပြုလိုသူများ ၊ စမ်းသပ်လိုသူများအတွက် www.translate.google.com
နှင့် Google Play Store ရှိ Google Translate apk တို့ကို ရယူကာ ဘာသာပြန်ဆိုနိုင်ပြီး ယူနီကုဒ်နှင့် ပတ်သက်ပြီး သိရှိလိုသည်များ ၊ မေးမြန်းလိုသည်များအတွက် လူမှုကွန်ယက် ဂရုဖ်တစ်ခု ဖြစ်သော https://www.facebook.com/groups/mmUnicode/
တွင်လည်း ၀င်ရောက်မေးမြန်းလေ့လာနိုင်ပါတယ်။
Yangon Media Group
မှတ်ချက် = PC Browser များတွင် Default Font ကို Myanmar3 သို့ ပြောင်းပေးထားရပါမည်
ရယူရန်ဒီနေရာကိုနှိပ်ပါ
ရုရှားနိုင်ငံမှ ဟက်ကာ တစ်စုဟာ ကမ္ဘာတစ်ဝန်းက ကွန်ပြူတာနဲ့ အသုံးပြုသူများရဲ့ ကွန်ပြူတာကင်မရာ (webcam) ကနေ ဓာတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးရယူနိုင်
11:33 AMGoogle မှ Android 5.0 နာမည်ကို Lillopop ဟုခေါ်
9:13 PMAlong with the new Nexus 6 smartphone , today Google announced a new tablet and set-top box.
The Nexus 9, made by HTC, is equipped with an 8.9-inch LCD screen, a 6,700 mAh battery, and an 8-megapixel camera on the back with a front-facing 1.6-megapixel camera. Internally, the tablet is powered by a 64-bit 2.3GHz new Nexus 6 smartphone
with Kepler DX1 graphics. Like Google's new smartphone, the Nexus 9 will come with new Nexus 6 smartphone
.
ရယူရန်ဒီနေရာကိုနှိပ်ပါ
Huawei ဖုန်းနဲ့ အများသုံး wi-fi
4:22 PMHuawei ဖုန်းမှာ gmail ထည့်နည်းလိုချင်ရင် အောက်မှာ down ပါ
အဆင်ပြေပါစေဗျာ (ကျိုက်မရောသားလေး Kyaw Htoo Lwin)
https://www.dropbox.com/s/6lyhnq8y78f63ds/Huawei%20Gmail%20%E1%80%91%E1%80%8A%E1%80%B7%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8.pdf?dl=0
တာဝန်မမဲ့ကြနဲ့
8:19 PM******************
ဘယ်သူတက်တက် တို့မငတ်ဘူး
ကိုယ်လုပ်ပါမှ ကိုယ်စားရမှာ....
ဘယ်သူ အုပ်ချုပ် မင်းလုပ်နေလည်း
ကိုယ့်ရှိပါမှ ကိုယ်စားရမှာ......တဲ့။
ပြောတတ်လိုက်တာ...
တာဝန်မရှိ ပီဘိ ကလေးတယောက်နှယ်...
အသက်ကို မငှဲ့ကွက်..
ကိုယ်ကျိုးမဖက်ပဲ ချီတက်ခဲ့တဲ့
ရာဇ၀င်ထဲက သူရဲကောင်းတွေကို အားနာတယ်။
ခန္ဓာကို ပေး...
အသက်ကို စတေး ခဲ့တဲ့
သမိုင်းထဲက အာဇာနည်တွေကို အားနားတယ်။
လွပ်လပ်ဖို့ အရေး...
မျှော်တွေးရင်း ပေးဆပ်ခဲ့တဲ့
သူ့ကျွန်အောက်က ရဲဘော်တွေကို အားနာတယ်။
ပုဂံခေတ်...
ပထမ မြန်မာနိုင်ငံရဲ့ အရှင်..
ပုဂံကို ဗဟိုပြု၊ သူရဲကောင်းကို အလေးထား
အရည်းကြီးသာသနာကို အမြစ်ဖြုတ်လို့
သာသနာကို ရောင်ဝါလင်းစေခဲ့တဲ
အနော်ရထာဘုရင်ကို အားနာတယ်။
တောင်ငူခေတ်....
ဒုတိယ မြန်မာနိုင်ငံရဲ့ အရှင်...
လက်သဲကြားကိုအပ်စိုက် ဘက်မလိုက်တဲ့သူရဲကောင်း
ဖောင်ဖျက်ပြီးစစ်တိုက်တဲ့ နောင်ရိုးရဲ့သခင်
ဘုရင့်နောင် ကိုလည်း အားနားတယ်။
ကုန်းဘောင်ခေတ်...
တတိယမြန်မာနိုင်ငံရဲ့ အရှင်...
အရပ်ရပ်ကိုစု ပြည်ပြုလို့ နန်းတက်
ယိုးဒယားရဲ့ ရာဇ၀င်မှာ ၀ါးရင်းတုတ်နဲ့နယ်ကိုသိမ်းတဲ့
ထန်းလုံးတပ်ရဲ့ သခင်
အလောင်းမင်းတရားကြီးကို အားနာတယ်။
ကိုလိုနီခေတ်...
စတုတ္ထမြန်မာနိုင်ငံရဲ့ အရှင်...
အင်္ဂလိပ်နဲ့ ဂျပန် လက်လံခဲ့တဲ့ နတ်မောက်သား
အကြောက်တရားကိုခ၀ါချ၊ မြန်မာကွလို့ ကြွေးကြော်ရင်း
တိုင်းရင်းသားတွေစု ပြည်ပြုခဲ့တဲ့
အသက်အငယ်ဆုံး ပြည့်ဥသျှောင်
ဗိုလ်ချုပ်အောင်ဆန်းကို အားနာတယ်။
နိုင်ငံတော် တိုးတက်ဖို့...
နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်...
တာဝန်မမဲ့နဲ့...
သူတို့တွေ စွန့်စားခဲ့လို့ ငါတို့တွေ လူဖြစ်နေတာ...
သူတို့တွေ သေပေးခဲ့လို့ ငါတို့တွေ ရှင်နေရတာ...
သူတို့တွေ အငတ်ခံခဲ့လို့ ငါတို့တွေ စားနေရတာ...
တာဝန်မမဲ့နဲ့.. ..
နင်းထားတဲ့ မြေပေါ်က သူတို့သွေး...
ရှုသွင်းလိုက်တဲ့ လေထုထဲက သူတို့ အော်သံ...
သောက်သုံးလိုက်တဲ့ ရေခွက်ထဲက သူတို့ပုံရိပ်...
စားလိုက်တဲ့ ထမင်းလုတ်ထဲက သူတို့အသား...
မြင်အောင်ကြည့်.. .
သိအောင်လုပ်....
အချောင်မခိုနဲ့...
တာဝန်မမဲ့နဲ့.. ..
ရှက်တတ်ရင် လဲသေလို့ရတယ်.. .။
( တိုင်းပြည်အတွက် သဲတပွင့်ဖြစ်ပါစေ )
Credit ..YaeTayZa