တာဝန် မမဲ့ကြနဲ့...
******************
ဘယ်သူတက်တက် တို့မငတ်ဘူး
ကိုယ်လုပ်ပါမှ ကိုယ်စားရမှာ....
ဘယ်သူ အုပ်ချုပ် မင်းလုပ်နေလည်း
ကိုယ့်ရှိပါမှ ကိုယ်စားရမှာ......တဲ့။
ပြောတတ်လိုက်တာ...
တာဝန်မရှိ ပီဘိ ကလေးတယောက်နှယ်...
အသက်ကို မငှဲ့ကွက်..
ကိုယ်ကျိုးမဖက်ပဲ ချီတက်ခဲ့တဲ့
ရာဇ၀င်ထဲက သူရဲကောင်းတွေကို အားနာတယ်။
ခန္ဓာကို ပေး...
အသက်ကို စတေး ခဲ့တဲ့
သမိုင်းထဲက အာဇာနည်တွေကို အားနားတယ်။
လွပ်လပ်ဖို့ အရေး...
မျှော်တွေးရင်း ပေးဆပ်ခဲ့တဲ့
သူ့ကျွန်အောက်က ရဲဘော်တွေကို အားနာတယ်။
ပုဂံခေတ်...
ပထမ မြန်မာနိုင်ငံရဲ့ အရှင်..
ပုဂံကို ဗဟိုပြု၊ သူရဲကောင်းကို အလေးထား
အရည်းကြီးသာသနာကို အမြစ်ဖြုတ်လို့
သာသနာကို ရောင်ဝါလင်းစေခဲ့တဲ
အနော်ရထာဘုရင်ကို အားနာတယ်။
တောင်ငူခေတ်....
ဒုတိယ မြန်မာနိုင်ငံရဲ့ အရှင်...
လက်သဲကြားကိုအပ်စိုက် ဘက်မလိုက်တဲ့သူရဲကောင်း
ဖောင်ဖျက်ပြီးစစ်တိုက်တဲ့ နောင်ရိုးရဲ့သခင်
ဘုရင့်နောင် ကိုလည်း အားနားတယ်။
ကုန်းဘောင်ခေတ်...
တတိယမြန်မာနိုင်ငံရဲ့ အရှင်...
အရပ်ရပ်ကိုစု ပြည်ပြုလို့ နန်းတက်
ယိုးဒယားရဲ့ ရာဇ၀င်မှာ ၀ါးရင်းတုတ်နဲ့နယ်ကိုသိမ်းတဲ့
ထန်းလုံးတပ်ရဲ့ သခင်
အလောင်းမင်းတရားကြီးကို အားနာတယ်။
ကိုလိုနီခေတ်...
စတုတ္ထမြန်မာနိုင်ငံရဲ့ အရှင်...
အင်္ဂလိပ်နဲ့ ဂျပန် လက်လံခဲ့တဲ့ နတ်မောက်သား
အကြောက်တရားကိုခ၀ါချ၊ မြန်မာကွလို့ ကြွေးကြော်ရင်း
တိုင်းရင်းသားတွေစု ပြည်ပြုခဲ့တဲ့
အသက်အငယ်ဆုံး ပြည့်ဥသျှောင်
ဗိုလ်ချုပ်အောင်ဆန်းကို အားနာတယ်။
နိုင်ငံတော် တိုးတက်ဖို့...
နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်...
တာဝန်မမဲ့နဲ့...
သူတို့တွေ စွန့်စားခဲ့လို့ ငါတို့တွေ လူဖြစ်နေတာ...
သူတို့တွေ သေပေးခဲ့လို့ ငါတို့တွေ ရှင်နေရတာ...
သူတို့တွေ အငတ်ခံခဲ့လို့ ငါတို့တွေ စားနေရတာ...
တာဝန်မမဲ့နဲ့.. ..
နင်းထားတဲ့ မြေပေါ်က သူတို့သွေး...
ရှုသွင်းလိုက်တဲ့ လေထုထဲက သူတို့ အော်သံ...
သောက်သုံးလိုက်တဲ့ ရေခွက်ထဲက သူတို့ပုံရိပ်...
စားလိုက်တဲ့ ထမင်းလုတ်ထဲက သူတို့အသား...
မြင်အောင်ကြည့်.. .
သိအောင်လုပ်....
အချောင်မခိုနဲ့...
တာဝန်မမဲ့နဲ့.. ..
ရှက်တတ်ရင် လဲသေလို့ရတယ်.. .။
( တိုင်းပြည်အတွက် သဲတပွင့်ဖြစ်ပါစေ )
Credit ..YaeTayZa
Subscribe to:
Post Comments (Atom)
Blog Archive
-
▼
2014
(23)
-
▼
September
(11)
- Blogger တွေအတွက် BlogIt.apk
- Dolphin Browser ဗားရှင်းအသစ် v11.2.3
- Blog မှာ Labels ထည့်နည်း Link ချိတ်နည်း
- ရုပ်ပြောင် Funny Photo ဖန်တီးချင်သူများအတွက် - PHO...
- INTERNET BROWSER တစ်မျိုးဖြစ်တဲ့ SAYYOETHE BROWSER
- Facebook Messenger 13.0.0.7.13 apk
- MAC Clone ရိုက်နည်း
- Huawei ဖုန်းနဲ့ အများသုံး wi-fi
- Huawei emotion UI ပါတဲ့ဖုန်းတွေအတွက် themes အလန...
- hard disk format
- တာဝန်မမဲ့ကြနဲ့
-
▼
September
(11)
0 comments:
Post a Comment