လိုအပ်သည်များ
Themes အတွက် cover photo ကို jpeg အမျိုးအစား လိုပါတယ်။
wallpaper နှစ်ပုံ သုံးပုံလောက်လိုပါမယ် jpeg အမျိုးအစား ဖြစ်ပါတယ်။
systen apk တွေအတွက် icon လိုပါမယ် ကျွန်တော်ပေးထားတဲ့ icon ကိုသုံးရင်လည်းရတယ် ကိုယ့်ဖာသာကိုယ်လုပ်ရင်လည်းရတယ် png အမျိုးအစားဖြစ်ပါတယ်။
description.xml ကိုတော့ ပေးထားပါတယ်။
ကဲစုံရင် စလို့ရပြီ
ကျွန်တော်ကတော့အခြေခံပဲပြောမယ်နော် font တို့ lock screen တို့ home တို့ကတော့ တင်ပေးထားတဲ့အထဲမှာပါတယ် ကိုယ်တိုင်လေ့လာပေါ့။
အောက်မှာ Kyaw Htoo Lwin.hwt ဆိုတာလေးကို အရင် down လိုက်ပါဦး။
down ပြီးရင် ဖိုင်ရှိရာကိုသွားပြီး Kyaw Htoo Lwin.hwt ဆိုတာကိုဖိထားပြီး rename လုပ်ပါမယ် hwt နေရာမှာ zip ရေးပါ ဒါဆိုရင် Kyaw Htoo Lwin.zip ဖြစ်သွားပြီနော် ။
ပြီးရင် Kyaw Htoo Lwin.zip ကိုဖိထားပြီး extract လုပ်ပါ။
Kyaw Htoo Lwin ဆိုတဲ့ folder တိုလာမယ်။ zip ဖိုင်ကို ဖျက်လိုက်ပါမလိုတော့ဘူး။
Kyaw Htoo Lwin ဆိုတဲ့ folder ထဲဝင်ကြည့်ပါ preview ဆိုတဲ့ folder ထဲဝင်ပါ cover photo ကိုစိတ်ကြိုက်ပြောင်း နာမည်နဲ့ format တူမှရမယ်နော် wallpaper folder ထဲမှာလည်း အဲဒီအတိုင်းပြောင်းပါ။ အောက်ဆုံးက icons ဆိုတာပေါ်မှာ ဖိထားပြိး icons.zip လို့ rename လုပ်ပါ။
icons ဆိုတဲ့ folder တစ်ခုတိုးလာပါပြီ icon.zip ကိုဖျက်လိုက်ပါ မလိုတော့ပါဘူး။ icon folder ထဲဝင်ပါအထဲမှာ နမူနာ icon တွေရှိပါတယ်။ အစားထိုးချင်တဲ့ icon တွေ အစားထိုးလို့ရပါပြီ နာမည်တူ format တူရမယ်နော်။ icon အစားထိုးပြီးရင် menu key ကိုနှိပ်ပါ compress ကိုထပ်နှိပ်ပါ select all ကိုရွေးပေးပြီး compress လုပ်ပါ။ icons.zip ဆိုပြီး ရပါမယ် အဲဒါကို copy ယူပြီး icon foler ရဲ့အပြင်မှာ paste လုပ်ပါ။ Kyaw Htoo Lwin ဆိုတဲ့ folder ထဲကို ရွှေ့ခိုင်းတာပါ။ icon folder ကိုဖျက်လို့ရပါပြီ။ ခုနက icons.zip ဆိုတာက်ုဖိထားပြီး rename လုပ်ပါမယ် .zip ဆိုတာကိုဖြုတ်လိုက်ပါ အစက်ကလေးကိုပါဖျက်နော် ဒါဆိုရင် icons ဆိုပြီးရပါမယ်။ ပြီးရင် menu key ကိုနှိပ်ပြီး compress မှာ select all ကိုရွေးပေးပြီး compress လုပ်ပါ။
Kyaw Htoo Lwin.zip ဆိုပြီးရပါမယ် ဖိထားပြီး rename လုပ်ပါမယ် zip နေရာမှာ hwt ဆိုပြီးပြောင်းပါ ဒါဆိုရင် Kyaw Htoo Lwin.hwt ဆိုပြီးရပါမယ်။ အဲဒီဟာကို copy ယူပြီး sd card ထဲက HWThemes ဆိုတဲ့ foler ထဲမှာ paste လုပ်ပြီး ရင်ရပါပြီ။
အောက်မှာ down ပါ
ရယူရန်ဒီနေရာကိုနှိပ်ပါ
HUAWEI ဖုန်းတွေအတွက် Themes လုပ်နည်း
9:29 PM
Labels:
ဖုန်းဆော့ဝဲများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment