
ဇယားကွက်တွင် မြန်မာဂဏန်းဖြင့်ပေါ်ချင်ပါက Pyidaungsu Number font ကို အရင်ချိန်းပါ။ Pyidaungsu Number font ကိုရယူလိုပါက အောက်ဘက်တွင် ရယူရန်ဒီနေရာကိုနှိပ်ပါ ဆိုတဲ့နေရာကိုနှိပ်၍ ဒေါင်းလုတ်ရယူပါ။ အဝါရောင်ဖြင့်ပြထားသည့်အကွက်သည် အပေါင်း formula သုံးထားသည့်အကွက်ဖြစ်ပါသည်။ အစိမ်းရောင်ဖြင့်ပြထားသည့်အကွက်သည် အနှုတ် formula သုံးထားသည့်အကွက်ဖြစ်ပါသည်။ အပြာရောင်ဖြင့်ပြထားသည့်အကွက်သည် အမြှောက် formula သုံးထားသည့်အကွက်ဖြစ်ပါသည်။ ပထမ column row နံပါတ် 4 တွင် cursor ထားပြီး Layout Tab ထဲက formula ကိုနှိပ်လိုက်လျှင် Box တစ်ခုပေါ်လာမည်။ formula အောက်အကွက်တွင် =SUM(ABOVE) ဟုရေးပြီး OK နှိပ်လိုက်လျှင် အဖြေပေါ်လာမည်။ အနှုတ် formula သုံးလိုလျှင် column ကို column A, column B, Row ကို row 1, row 2 စသည်ဖြင့်သတ်မှတ်၍ အဖြေယူမည့်နေရာတွင် cursor ထားကာ Layout Tab ထဲက formula ကိုနှိပ်လိုက်လျှင် Box တစ်ခုပေါ်လာမည်။ formula အောက်အကွက်တွင် =(A1-B1) ဟုရေးပြီး OK နှိပ်လိုက်လျှင် အဖြေပေါ်လာမည်။ အမြှောက် formula သုံးလိုလျှင် ခုနကရလာတဲ့အဖြေကွက်ကို Column C ဟုသတ်မှတ်၍ အဖြေယူမည့်နေရာတွင် cursor ထားကာ Layout Tab ထဲက formula ကိုနှိပ်လိုက်လျှင် Box တစ်ခုပေါ်လာမည်။ formula အောက်အကွက်တွင် =(C1*2) ဟုရေးပြီး OK နှိပ်လိုက်လျှင် အဖြေပေါ်လာမည်။
Follow me:
Telegram
Xenzuu
Vk
youtube
ရယူရန္ဒီေနရာကိုႏွိပ္ပါ ရယူရန်ဒီနေရာကိုနှိပ်ပါ